အာစင်ဝင်းဂါးနေရာကို ဆက်ခံဖွယ်ရှိနေတဲ့ ၀ါရင့်နည်းပြကြီးတစ်ဦး

Posted on - Jan 12 []

Thar Lay Htet Aung

စာရေးသူ

အာဆင်နယ်အသင်းဟာ ၄င်းတို့နှစ်ရှည်လများ လက်တွဲခဲ့တဲ့ နည်းပြကြီး အာစင်ဝင်းဂါးရဲ့ နေရာမှာ ဘောလုံးလောကရဲ့ ၀ါရင့်နည်းပြကြီးဖြစ်တဲ့ အန်စလော့တီနဲ့ အစားထိုးဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ အသင်းပရိသတ် အများစုကလဲ ပြီးခဲ့တဲ့နှစ်တွေတည်းက အာစင်ဝင်းဂါး အသင်းမှာ ဆက်ရှိနေတာကို မလိုလား တော့တာကြောင့် အသင်းကနေ ထုတ်ပယ်ပေးဖို့ မကြာခဏ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့်လဲ အသင်းဘုတ်အဖွဲ့ကတော့ ပရိသတ်တွေရဲ့ ဆန္ဒကို လစ်လျူရှုကာ အာစင်ဝင်းဂါးကို အသင်းမှာ ဆက်ရှိစေခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အသင်းဘုတ်အဖွဲ့ကလဲ အာဆင်နယ် အသင်းဟာ အောင်မြင်မှုတွေနဲ့ ဝေးကွာလာတာကြောင့် နည်းပြ၀င်းဂါးနေရာမှာ အတွေ့အကြုံရှိတဲ့ ၀ါရင့်နည်းပြ တစ်ဦးနဲ့ အစားထိုးဖို့ စီစဉ်နေပြီး အဆိုပါစာရင်းထဲမှာ အန်စလော့တီလဲ ပါဝင်နေပါတယ်။

အန်စလော့တီဟာလဲ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပြီး ယခုနှစ်အတွင်းမှာ နည်းပြလောကကို ပြန်လည်ဝင်ရောက်ဖို့ အတိအလင်း ကြေညာထားသူ ဖြစ်တဲ့အပြင် ပရီးမီးယားလိဂ်မှာ ပြန်လည်နည်းပြ ချင်တဲ့အကြောင်း ထုတ်ဖော်ပြောကြား ထားခဲ့သူပါ။ ဒါ့ကြောင့် အေစီမီလန်၊ ရီးရဲမက်ဒရစ်တို့နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရယူပေးခဲ့တဲ့ ၀ါရင့်နည်းပြကြီး အန်စလော့တီဟာ အာစင်ဝင်းဂါးနေရာကို ဆက်ခံမယ့်သူ ဖြစ်လာမလား ဆိုတာကတော့...

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။