အင်တာနက်အသုံးပြုသူတွေရဲ့ ဝေဖန်မှုခံနေရတဲ့ Sulli ရဲ့ အကဗီဒီယို

Posted on - Jan 11 []

Myatsu Nyein

စာရေးသူ

အရင်က f(x) အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Sulli ဟာ အချိန်အတော်ကြာတိုင်အောင် မတင်ဖြစ်တဲ့ အကဗီဒီယိုကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဝေဖန်သံတွေ ညံသွားခဲ့ပါတယ်။

Sulli ဟာ အနက်နဲ့အဖြူ ရိုးရိုးရှင်းရှင်းလေး ၀တ်ဆင်ကာ ကပြခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ sexy dance ကကွက်ကို ကခဲ့တာကြောင့် အင်တာနက်အသုံးပြုသူတွေက သူ့ကို ဒီလိုညစ်ပတ်တဲ့အကတွေပဲ ကနေတယ်၊ အကတောင် ကောင်းကောင်း မကတတ်ဘူးလား ၊ သူ့ကို ဆက်စီဖြစ်တယ်လို့ ပြောစေချင်နေတာ စသဖြင့် ဝေဖန်ခဲ့ကြပါတယ်။

အကဗီဒီယိုကို ကြည့်လိုက်ရင် သရုပ်ဆောင်ဘက်ကို အာရုံစိုက်နေပေမယ့် တစ်ချိန်က f(x) အဖွဲ့ဝင် Sulli ရဲ့ ကျွမ်းကျင်မှု အငွေ့အသက်လေးတွေကို တွေ့နေရဆဲပါ။ တစ်ချိန်က Sulli တစ်ယောက် ဘယ်လောက် အကတော်ခဲ့တယ်ဆိုတာ ဒီဗီဒီယိုလေးကို ကြည့်ရင် သိနိုင်ပါတယ်။

Sulli ရဲ့အကလေးကို ကြည့်လိုက်ပါဦးနော်

ဝေဖန်ခံနေရတဲ့ Sulli ရဲ့အကဗီဒီယိုလေးပါ

Myat Su Nyein
Ref : koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။