မက်ဆီနဲ့ရော်နယ်ဒို ပါဝင်ခဲ့ပေမယ့် နေမာမပါဝင်ခဲ့တဲ့ UEFA အကောင်းဆုံး အသင်း

Posted on - Jan 12 []

Thar Lay Htet Aung

စာရေးသူ

၂၀၁၇ခုနှစ်အတွက် UEFA အကောင်းဆုံး အသင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား၃ဦးလို့ သတ်မှတ်ထားတဲ့ထဲကမှ မက်ဆီနဲ့ ရော်နယ်ဒိုတို့သာ ပါဝင်ခဲ့ပြီး နေမာကတော့ ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ပရိသတ်ပေါင်း ၈.၈သန်း မဲပေးမှုအပြီးမှာ UEFA အကောင်းဆုံး အသင်းကို ထုတ်ပြန်ကြေညာ ခဲ့တာဖြစ်ပါတယ်။

UEFAရဲ့ အကောင်းဆုံး အသင်းကိုတော့ ၄-၄-၂ ကစားကွက်ကို အခြေခံကာ ရွေးချယ်ခဲ့တာဖြစ်ပြီး ဂိုးသမားနေရာမှာ ဘူဖွန် (ဂျူဗင်တပ်)၊ ညာနောက်ခံလူ နေရာမှာ ဒန်နီအဲဗက်စ် (ပီအက်စ်ဂျီ)၊ ဗဟိုနောက်ခံ လူတွေအဖြစ် ရာမို့စ် (ရီးရဲ) နဲ့ ချီရီလီနီ (ဂျူဗင်တပ်)၊ ဘယ်နောက်ခံလူ နေရာမှာ မာဆယ်လို (ရီးရဲ)၊ ဗဟိုကွင်းလယ်မှာတော့ မိုဒရစ် (ရီးရဲ)၊ တိုနီခရူးလ် (ရီးရဲ)၊ ကွင်းလယ် ညာတောင်ပံမှာ ဒီဘရိုင်း (မန်စီးတီး)၊ ကွင်းလယ် ဘယ်တောင်ပံမှာ ဟာဇက် (ချဲလ်ဆီး)၊ တိုက်စစ်မှူးတွေ နေရာမှာ ရော်နယ်ဒို (ရီးရဲ) နဲ့ မက်ဆီ (ဘာစီလိုနာ) တို့ ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့ပြောင်းရွှေ့ကြေး အများဆုံး ကစားသမားဖြစ်တဲ့ နေမာကတော့ ဒီအသင်းမှာ ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အဆိုပါ အသင်းမှာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဖလား ရရှိခဲ့တဲ့ ရီးရဲအသင်းက ကစားသမား၅ဦးအထိ ပါဝင်ခဲ့ပြီး ရီးရဲအသင်းခေါင်းဆောင် ရာမို့စ်ကတော့ မဲအရေအတွက် ၅၈၈,၃၁၅နဲ့ အများဆုံးရရှိခဲ့တယ်လို့ သိရပါတယ်။ လိဂ်တွေအရ ပြောရမယ်ဆိုရင်တော့ UEFA အကောင်းဆုံး ၁၁ယောက်အသင်းမှာ စပိန်လာလီဂါက ၆ဦး၊ ပရီးမီးယားလိဂ်က ၂ဦး၊ အီတလီ စီးရီးအေက ၂ဦး၊ ပြင်သစ်လိဂ်ဂူးက ၁ဦးပါဝင်ခဲ့ပြီး ဂျာမန်ဘွန်ဒက်စ်လီဂါက တစ်ဦးမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။