Jonghyun ရေးပေးထားတဲ့ Breathe သီချင်းကိုဆိုရင်း မျက်ရည်ကျခဲ့တဲ့ Lee Hi

Posted on - Jan 11 []

Myatsu Nyein

စာရေးသူ

Lee Hi ဟာ ကွယ်လွန်သူ SHINee အဖွဲ့ဝင် Jonghyun ရေးပေးထားတဲ့ Breathe သီချင်းကို Golden Disc Awards ဆုပေးပွဲမှာ သီဆိုရင်း မျက်ရည်ကျခဲ့ပါတယ်။ ဒီသီချင်းလေးနဲ့ Johnhyun နဲ့ ဆက်စပ်နေတာကြောင့် သတိရပြီး စိတ်ခံစားမှုပြင်းထန်လာကာ မျက်ရည်ကျခဲ့ရတာ ဖြစ်ပါတယ်။

Junghyun အတွက် Taeyeon, EXO နဲ့ SHINee အဖွဲ့ဝင် Key တို့ရဲ့ အမှတ်တရစကားတွေကို Video Message ပြပြီးတဲ့အချိန်မှာ Lee Hi က သီဆိုခဲ့တာကြောင့်လည်း ၀မ်းနည်းသွားခဲ့တာဖြစ်ပါတယ်။

Lee Hi ဟာ ဆုပေးပွဲစင်မြင့်ထက်မှာ အနက်ရောင်ဝတ်စုံနဲ့ပဲ တက်ရောက်ဖျော်ဖြေသွားခဲ့တာ ဖြစ်ပါတယ်။ သူရေးပေးထားတဲ့ သီချင်းဆိုတော့လည်း ဆိုတိုင်းသတိရမိနေမှာပါ။

Myat Su Nyein
Ref : koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။