မော်ဒယ်လုပ်ဖူးလားလို့ မေးခံရလောက်တဲ့ အထိ ပို့စ်တွေကောင်းလွန်းနေတဲ့ စန္ဒီမြင့်လွင်ရဲ့ Pre Wedding ပုံများ

Posted on - Jan 11 []

A War Yaung

စာရေးသူ

သုံးလပိုင်းထဲမှာ မင်္ဂလာပွဲ ကျင်းပတော့မယ့် စန္ဒီမြင့်လွင်တို့ စုံတွဲလေးကတော့ Pre Wedding ပုံလေးတွေကို တစ်မျိုးပြီး တစ်မျိုး မရိုးနိုင်အောင် တင်လာလေတော့ မိုမိုလေး ချစ်ပရိသတ်အတွက် ဖော်ပြပေးချင်တာပေါ့နော်။ စန္ဒီမြင့်လွင်ကတော့ ပုံလေးတွေတင်လာတဲ့ အချိန်မှာ သူ့ရဲ့ ခင်ပွန်းလောင်းက ပို့စ်တွေ အရမ်းကောင်းနေတော့ မော်ဒယ်များ လုပ်ဖူးသလားထင်နေကြတယ် ပဲများတာကိုးလို့ စနောက်ပြီး ရေးထားပါသေးတယ်။

အချစ်ရေးနဲ့ ပတ်သတ်ပြီး ဘာမှ ပြောလေ့မရှိတဲ့ ဒီးဒီတစ်ယောက် မင်္ဂလာသတင်းကြားတော့ ပရိသတ်တွေလဲ အံ့သြခဲ့ရပြီး သတို့သားလောင်းကို ဘယ်လိုပုံစံလဲ မျှော်လင့်နေကြတဲ့ ပရိသတ်တွေ အတွက် Pre Wedding ပုံလေးတွေကို တစ်မျိုးပြီး တစ်မျိုး တင်ပေးနေတာပေါ့။

လိုက်ဖက်ညီတဲ့ သူတို့ စုံတွဲ ပုံလေးတွေက တကယ်ကို ကြည်နူးစရာလေးတွေပါပဲ။

သူတို့နှစ်ဦးရဲ့ ကြည်နူးပီတီလေးတွေကို မိုမိုလေး ပရိသတ်တွေလဲ အပျော်ကူးစက်ရအောင် Like & Share လေးလုပ်ကြရအောင်နော်။

မျက်ပြေ(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။