နာမည်ကျော် အလှပဂေးတွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားတဲ့ မင်းသား

Posted on - Jan 11 []

Myatsu Nyein

စာရေးသူ

ဒီကိုရီးယားမင်းသားကတော့ တော်တော်လေး ကံကောင်းသူလို့ပြောလို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နာမည်ကျော် အလှပဂေး Idols တွေရဲ့ ideal type က ဒီမင်းသား ဖြစ်နေလို့ပါပဲ။ အမျိုးသမီး Idols တွေဟာ သူ့ကို အလွန်သဘောကျကြပြီး သူ့ကိုနှစ်သက်ကြောင်း ၊ Ideal Type ဖြစ်ကြောင်း မကြာခဏပြောတတ်ကြပါတယ်။ ဘယ်အလှပဂေးတွေကများ သူ့ကိုချစ်ကြောင်းထုတ်ဖော်ပြောပြခဲ့လဲဆိုတာ ကြည့်လိုက်ပါဦးနော်။

1. Suzy

မင်းသမီးချောလေး ဆူဇီဟာ မင်းသား Kang Dong Won ကို သူ့ရဲ့ Ideal type အဖြစ် ရွေးချယ်ခဲ့ပြီး မင်းသားရဲ့ big fan ဖြစ်ကြောင်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ဆူဇီဟာ Kang Dong Won ပါဝင်သရုပ်ဆောင်ထားတဲ့ Jeon Woo Chi ရုပ်ရှင်ဇာတ်ကားကို ၇ ကြိမ်တိုင်တိုင် ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။

2. Hyorin

Hyorin ကသူပွဲဦးထွက်ကတည်းက သူ့ရဲ့ Ideal type ဟာ Kang Dong Won လို့ ထုတ်ဖော်ပြောကြားခဲ့တာပါ။ TV အစီအစဉ်တွေမှာလည်း သူ့အတွက် video messages များစွာ ပေးပို့ပါတယ်။ ဒါပေမဲ့ မင်းသားဘက်ကတော့ တုံ့ပြန်မှုတစ်စုံတစ်ရာ မပြုသေးပါဘူး။

3. Taeyeon

Taeyeon ကိုလည်း Kang Dong Won ရဲ့ ပရိသတ်လို့ လူသိများကြပါတယ်။ သူကတော့ ကံကောင်းစွာနဲ့ပဲ My Brilliant Life မှာပါဝင်သရုပ်ဆောင်ရင်း မင်းသားနဲ့ လူချင်းတွေ့ခွင့်ရခဲ့ပါတယ်။

4. Rainbow’s Jisook

Rainbow အဖွဲ့ဝင် Jisook ကတော့ Kang Dong Won ကို ပထမဦးဆုံးအကြိမ်တွေ့ဆုံပြီး အင်တာဗျူးတုန်းက မင်းသားရဲ့ခန့်ညားထည်ဝါတဲ့ သွင်ပြင်ကြောင့် တုန်လှုပ်သွားမိတယ်လို့ ပြောပါတယ်။ Kang Dong Won ကို မြင်လိုက်ရချိန်မှာ သူ့ဆီကနေ အလင်းတွေဖြာထွက်နေတယ်လို့ သူမြင်ခဲ့ပြီး အံ့သြတကြီး ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ကိုယ်အရမ်းသဘောကျရတဲ့ ချောမောတဲ့သူကို ပထမဦးဆုံးလူချင်းတွေ့လိုက်ချိန်မှာ ခံစားရတတ်တဲ့ခံစားမှုမျိုး ဖြစ်မှာပါ။

5. Secret’s Hyosung

Secret အဖွဲ့ဝင် Hyosung ကတော့ Kang Dong Won အပေါ်စိတ်ဝင်စားမှုကို ဖော်ပြခဲ့ပြီး သူ့ရဲ့စိတ်ဝင်စားမှုကတော့ သူ့ရဲ့ရုပ်ရည်ထက် သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကိုပါလို့ ပြောပြခဲ့ပါတယ်။

6. Shim Eun Kyung

မင်းသမီး Shim Eun Kyung ကတော့ Miss Granny ရိုက်တဲ့အခါ တကယ့်ကို အခက်တွေ့ခဲ့တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူနဲ့အတူ သရုပ်ဆောင်ရမယ့် ပါတနာ Lee Jin Wook ဖြစ်ပေမယ့် Ideal Type ဖြစ်တဲ့ Kang Dong Won ပါ ပါဝင်တဲ့အခါကျတော့ သူ့ရဲ့ပါတနာအပေါ် အာရုံစိုက်ဖို့ အထူးကြိုးစားခဲ့ရပါတယ်တဲ့။

7. Red Velvet’s Seulgi

Red Velvet အဖွဲ့ဝင် Seulgi ကတော့ Kundo ရုပ်ရှင်ကို ကြည့်ပြီးနောက် Kang Dong Won ကို စွဲလမ်းသွားပြီး သူ့ရဲ့ Ideal Type က Kang Dong Won ဖြစ်သလို Big Fan ပါလို့ Cultwo Show မှာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

8. Park So Dam

မင်းသမီး Park So Dam ကတော့ The Priests မှာ မင်းသား Kang Dong Won နဲ့အတူ သရုပ်ဆောင်ခဲ့ပြီး Kang Dong Won နဲ့ စတွေ့ရချိန်မှာ သူဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို အခုလို ပြောပြခဲ့ပါတယ်။ "ကျွန်မသူ့ကို စိုက်ကြည့်နေမိတယ်။ ကိုယ့်ကိုယ်ကိုယ် ကြည့်နေလို့ ကြည့်နေမှန်းတောင် မသိဘူး။ သူကကျွန်မဆီလမ်းလျှောက်လာတာ။ သူ့ခြေထောက်တွေက တကယ့်ကို အရှည်ကြီးပဲ။ လူတစ်ယောက်ခြေထောက် ဒီလောက်ရှည်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး" လို့ မင်းသမီး Park So Dam က ပြောပါတယ်။

မိုမိုလေး ပရိသတ်တွေထဲမှာရော မင်းသား Kang Dong Won ကို ချစ်ခင်သူတွေရှိလား ?

Myat Su Nyein
Ref : koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။