YG Entertainmentမှ ထွက်ခွာလာတဲ့အကြောင်းကိုပြောပြခဲ့တဲ့ မင်းသမီး Goo Hye Sun

Posted on - Jan 11 []

Theingi Kyaw

စာရေးသူ

တောင်ကိုရီးယားရဲ့နာမည်ကြီးမင်းသမီးဖြစ်သူ Goo Hye Sunက သူမဟာ "ဘာကြောင့် YG Entertainmentမှ ထွက်ခွာလာရသလဲ" ဆိုတာကိုရှင်းပြခဲ့ပါတယ်။

January 10 ရက်နေ့မှာ Goo Hyesun ဟာ သူမရဲ့ဇာတ်လမ်းတိုဖြစ်တဲ့ “Mystery Pink” အတွက် စာနယ်ဇင်းရှင်းလင်းပွဲတက်ရောက်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာပဲ သူမဟာ YG နဲ့လမ်းခွဲခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ “ ကျွန်မ Agency အသစ်တစ်ခုကိုပြောင်းရတာက ဒါ ပထမဆုံးပါပဲ။ ကျွန်မကိုဘာကြောင့်ပြောင်းရသလဲ မေးချင်နေကြမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ကျွန်မ အဲ့ကိစ္စနဲ့ပတ်သတ်ပြီးတော့ တော်တော်ကြာကြာစဉ်းစားခဲ့ပါတယ်။ အကြောင်းပြချက်က ထွေထွေထူးထူးတော့မရှိပါဘူး။ ကျွန်မအတွက်ပဲကျွန်မစဉ်းစားခဲ့တာပါ။ ကျွန်မဘ၀လမ်းကြောင်းကို ကျွန်မဘာသာပဲလျှောက်ချင်ပြီးတော့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကျွန်မအတွက်တာဝန်မယူရဘဲနဲ့ ကျွန်မ ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချ ချင်ပါတယ်။" လို့ဖြေကြားခဲ့ပါတယ်။

သူမရဲ့ရှေ့ဆက်လုပ်မယ့် အလုပ်တွေအကြောင်းမေးမြန်းခဲ့တဲ့အခါ သူမက “သရုပ်ဆောင်မှုအပိုင်းကို ပိုပြီးလုပ်ဆောင်သွားမှာပါ” လို့ဖြေဆိုခဲ့ပါတယ်။ ပရိတ်သတ်ကြီးကော သူမရဲ့ဆုံးဖြတ်ချက်ကို ဘယ်လိုထင်ပါသလဲ။

Gi Gi (momolay)
Ref : Allkpop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။