သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့တဲ့ ချဲလ်ဆီးနဲ့အာဆင်နယ်ပွဲစဉ်

Posted on - Jan 11 []

Thar Lay Htet Aung

စာရေးသူ

ယနေ့နံနက် အစောပိုင်းက အင်္ဂလန်လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်း ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီပွဲစဉ်မှာ မိုရာတာ၊ ဟာဇက်၊ ကန်တီ၊ ဖာဘရီဂတ်၊ အလွန်ဆိုတို့လို့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပေမယ့် အာဆင်နယ်ကို အနိုင်မရခဲ့ပဲ သရေသာ ကစားနိုင်ခဲ့ပါတယ်။

နောက်ဆုံးထိပ်တိုက် တွေ့ဆုံမှု၃ကြိမ်မှာ သရေကျခဲ့တဲ့ ဒီ၂သင်းဟာ ယခုပွဲစဉ်မှာလဲ သရေကျခဲ့တာကြောင့် ၄င်းတို့၂သင်း ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး၎ပွဲဟာ သရေလဒ်တွေနဲ့သာ ပြီးဆုံးခဲ့ပြီး အရှုံးအနိုင်ရလဒ် ထွက်ပေါ်ခဲ့ခြင်း မရှိပါဘူး။

ဆီမီးဖိုင်နယ် ဒုတိယအကျော့ကိုတော့ လာမယ့်၂၅ရက်နေ့ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းအမ်းမရိတ်မှာ ထပ်မံယှဉ်ပြိုင် ကစားသွားကြမှာပါ။ အဆိုပါပွဲစဉ်မှာ အနိုင်ရတဲ့အသင်းဟာ မန်စီးတီးနဲ့ဘရစ္စတိုးလ် ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။