မဆင်မခြင်လုပ်ရပ်ကြောင့် ဒဏ်ငွေဆောင်လိုက်ရတဲ့ PeeMak မင်းသား မာရီယို

Posted on - Jan 11 []

Moon Moon

စာရေးသူ

မြန်မာပရိသတ်တွေရဲ့ အသဲကျော် PeeMak မင်းသားချော မာရီယိုတစ်ယောက် သူ့ရဲ့မဆင်မခြင်လုပ်ရပ်ကြောင့် ဒဏ်ငွေပေးဆောင်လိုက်ရတဲ့ဖြစ်ရပ်ဖြစ်ခဲ့ပါသတဲ့။ သူက ယာဉ်ကိုမဆင်မခြင်မောင်းနှင်ရာကနေ တက္ကစီယာဉ်မောင်းတစ်ဦးနဲ့ အခြေအတင်စကားတွေများခဲ့တာပါတဲ့။ အဲ့ဒီလိုသူ့ရဲ့မဆင်ခြင်တဲ့လုပ်ရပ်ကြောင့်ပဲ ဒဏ်ငွေပေးဆောင်လိုက်ရတာဖြစ်ပါသတဲ့။ နာမည်ကျော်မင်းသား တစ်ယောက်အနေနဲ့ ဒီလိုဖြစ်ရပ်မျိုးကတော့ အရှက်ရစရာပဲနော်။

စကားများခဲ့ရတာကလည်း တစ်စီးနဲ့တစ်စီး အပြိုင်အဆိုင်ကျော်တက်ကြရင်းက ဖြစ်ခဲ့တာပါတဲ့။ အစပိုင်းကတော့ ယာဉ်နှစ်စီးလမ်းပေါ်မှာ စကားများနေကြတယ်ဆိုတာကိုပဲသိရပြီး နောက်ပိုင်းမှာမှ ယာဉ်တစ်စီးဟာ နာမည်ကျော်မင်းသား မာရီယိုရဲ့ယာဉ်ဖြစ်မှာသိခဲ့ကြရတာပါတဲ့။ တစ်ဖက်ယာဉ်မောင်းရဲ့အဆိုအရ သူရဲ့ယာဉ်ကွေ့မယ့်အချိန်မှာ မာရီယိုရဲ့ကားကနောက်ကအတင်းကျော်တက်သွားရာကစခဲ့တဲ့ ဇာတ်လမ်းဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲပြဿနာစခဲ့တယ်ပြောပြော လမ်းပေါ်မှာ အခုလိုအခြေအတင်ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်အတွက် ရဲတွေက နှစ်ဦးစလုံးကို ပစ်ဒဏ်ချခဲ့တာပါ။

ဒါပေမယ့်လည်း တစ်ဖက်ယာဉ်မောင်းကတော့ မာရီယိုရဲ့ယာဉ်ကိုထိခိုက်ပျက်စီးတဲ့အထိ ပြဿနာလုပ်ခဲ့တာကြောင့် ဒဏ်ငွေအနည်းငယ်ပိုများခဲ့တယ်လို့ ဆိုပါတယ်။ မာရီယိုကတော့ ယာဉ်မဆင်မခြင်မောင်းနှင်မှုအတွက်သာ ပြစ်ဒဏ်ကျခံခဲ့ရတာပါ။ တစ်ဖက်ယာဉ်မောင်းကတော့ ယာဉ်မဆင်မခြင်မောင်းနှင်မှုအပြင် တစ်ဖက်ယာဉ်ကိုထိခိုက်စေခဲ့မှုအတွက်ပါ ဒဏ်ကြေးငွေပိုမိုပေးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မိုမိုလေးပရိသတ်ကြီးရေ မင်းသားချောလေးကတော့ ကိုယ့်ရဲ့ဂုဏ်သတင်းကိုမှ မထောက်ထားဘဲ မဆင်မခြင်လုပ်လိုက်တဲ့ဖြစ်ရပ်ကြောင့် စခန်းအထိရောက်ပြီး ကျော်မကောင်းကြားမကောင်းဖြစ်ခဲ့ရပြီနော်။ ဒါပေမယ့်လည်း သူ့ကိုချစ်တဲ့ပရိသတ်ကြီးကတော့ သူ့ဘက်ကရပ်တည်ပြီး အခိုင်အမာအားပေးနေကြဆဲပါပဲတဲ့လေ။

ref:coconuts.co
#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။