အနုပညာကိုရူးသွပ်သူ မုဆိုးမလေးမဂင်္ဂါ

Posted on - Jan 11 []

Moon Moon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ ဒီတစ်ခါတော့ မုဆိုးမလေးမဂင်္ဂါရဲ့မင်းသမီး Aditi Sharma အကြောင်းလေးကို ပြောဦးမယ်နော်။ သူမကတော့ သရုပ်ဆောင်လောကကို ၂၀၁၇ ခုနှစ်မှာစတင်ရောက်ရှိလာခဲ့တာပါ။ အနုပညာသက်တမ်း ၁၀ နှစ်ကျော်ကာလမတိုင်မီမှာခင်ကတည်းက အနုပညာနဲ့ပတ်သက်ရင် သူမအရမ်းကိုရူးသွပ်လွန်းသူပါ။ သရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်လမ်းမရိုက်ကူးမီ ၂၀၀၄ ခုနှစ်မှာကတည်းက သူမကတီဗွီအစီအစဉ်တစ်ခုမှာပါဝင်ခဲ့ဖူးပြီး ကင်မရာနဲ့မစိမ်းခဲ့သူတစ်ဦးပေါ့။

သူမက ၂၀၀၇ ခုနှစ်မှာ Khanna & Iyer ဆိုတဲ့ဇာတ်ကားနဲ့ သရုပ်ဆောင်တစ်ဦးစတင်ဖြစ်လာခဲ့သူပါ။ အဲ့ဒီနောက်ဇာတ်ကားတွေ အများအပြားရိုက်ကူးရတဲ့အထိ နာမည်ကျော်ကြားလာခဲ့သူပါ။ တီဗွီဇာတ်လမ်းတွဲဆိုရင်တော့ ၂၀၁၂ ခုနှစ်မှာ Teri Meri Love Stories ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့စတင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၅ ကနေ ၂၀၁၇ အထိ အခုမြန်မာပရိသတ်တွေအကြိုက်တွေ့နေတဲ့ မုဆိုးမလေး မဂင်္ဂါဇာတ်လမ်းမှာ အဓိကပါဝင်သရုပ်ဆောင်ခဲ့တာပါ။ နောက်ပြီးသူမက အနုပညာနဲ့ပတ်သက်တာတွေကို ဘယ်လောက်အထိတောင်သဘောကျလဲဆိုရင် ၀ါသနာပါတာကိုကလည်း တီဗွီကြည့်တာ၊ သီချင်းနားထောင်တာ၊ ကတာတွေကိုဝါသနာထုံတယ်လို့ဆိုပါတယ်။

ကိုယ်ရေးရာဇ၀င်ကို ပြန်လှန်ကြည့်ရအောင်

ဂင်္ဂါမင်းသမီးလေး Aditi Sharma ရဲ့ ကိုယ်ရေးရာဇ၀င်ကိုကြည့်မယ်ဆိုရင် သူမက ၁၉၈၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မွေးဖွားသူပါ။ Body အတိုင်းကတော့ ၃၂ ၊ ၂၄ ၊ ၃၆ ဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးပြောရရင်တော့ သူမမှာ အရမ်းချစ်ရတဲ့ Sarwar Ahuja လို့ခေါ်တဲ့ခင်ပွန်းသည်ရှိပါတယ်တဲ့။ သူမရဲ့ခင်ပွန်းကလည်း သရုပ်ဆောင်တစ်ဦးဖြစ်ပြီး မြန်မာပရိသတ်တွေရှေ့မှာ ဂင်္ဂါဇာတ်လမ်းတွဲနဲ့အတူ ရောက်ရှိလာဦးမှာပါ။ ဂင်္ဂါဇာတ်လမ်းရဲ့ နောက်ပိုင်းဇာတ်ဝင်ခန်းတွေနဲ့ ဆာဂါနဲ့အပြိုင်အဖြစ်ပေါ်လာမယ့် နောက်ထပ်မင်းသားတစ်လက်နေရာကနေ ဂင်္ဂါရဲ့ပြင်ပကခင်ပွန်းသည်ကို မြင်တွေ့ကြရဦးမှာပါ။

မိုမိုလေးပရိသတ်ကြီးရေ ချစ်စရာကောင်းပြီး အနုပညာကိုရူးသွပ်တဲ့ မင်းသမီးချောလေး ဂင်္ဂါကိုယ်ပွားလေးက နောက်ပိုင်းဇာတ်ဝင်ခန်းတွေမှာ အချစ်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ရင်ဆိုင်ရဦးမလဲဆိုတာ စောင့်မျှော်အားပေးလိုက်ရပါဦးနော်။

#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။