အေစီမီလန်ကသာ ကမ်းလှမ်းလာပါက လက်ခံစဉ်းစားမယ့် ပါတို

Posted on - Jan 11 []

Thar Lay Htet Aung

စာရေးသူ

တရုတ်ကလပ် စတီယန်ဂျင်းကွမ်ဂျန် အသင်းရဲ့တိုက်စစ်မှူး ပါတိုက ၄င်းကိုအသင်းဟောင်း အေစီမီလန်ကသာ ကမ်းလှမ်းလာခဲ့ပါက လက်ခံစဉ်စားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ပါတိုက “အေစီမီလန်ဟာ ကျွန်တော့ရဲ့အိမ်လိုပါပဲ။ ဒါ့ပြင် ဥရောပမှာ ကျွန်တော်ပထမဆုံး ခြေချခဲ့တဲ့ အသင်းဖြစ်ပြီး အေစီမီလန်ကြောင့်ပဲ ကျွန်တော် နာမည်ကျော်ကြား လာခဲ့တာပါ။ အခုအချိန်ထိ အေစီမီလန်ကို ချစ်မြတ်နိုးဆဲဖြစ်လို့ သူတို့ဘက်ကသာ ကမ်းလှမ်းခဲ့မယ်ဆိုရင် လက်ခံစဉ်းစားသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ပါတိုဟာ ၂၀၀၇ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ အေစီမီလန် အသင်းမှာ ၅နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း၁၅၀ ကစားကာ သွင်းဂိုး၆၃ဂိုးအထိ သွင်းယူနိုင်ခဲ့သူပါ။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။