ဗလင်စီယာမှာပဲ ဆက်နေချင်နေတဲ့ ယူနိုက်တက်လူငယ် ပါရဲရား

Posted on - Jan 11 []

Thar Lay Htet Aung

စာရေးသူ

ဗလင်စီယာ အသင်းမှာ အငှားသွားရောက် ကစားနေတဲ့ ယူနိုက်တက် လူငယ်ကစားသမား ပါရဲရားက စာချုပ်သက်တမ်း ပြည့်တဲ့အထိ ဗလင်စီယာ အသင်းမှာပဲ ဆက်လက် ကစားချင်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ပါရဲရားဟာ ယခုနှစ် ဘောလုံးရာသီအစက ဗလင်စီယာအသင်းကို တစ်နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။ လက်ရှိအချိန်မှာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်မှာ ဒဏ်ရာပြဿတွေနဲ့ ရင်ဆိုင်နေရတာကြောင့် မော်ရင်ဟိုက ပါရဲရားကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လဲ ပါရဲရားက “ကျွန်တော် ဗလင်စီယာမှာပဲ စာချုပ်သက်တမ်း ကုန်တဲ့အထိ ဆက်လက် ကစားချင်ပါတယ်။ ဒီမှာက ယူနိုက်တက်ထက်စာရင် ပွဲကစားခွင့် ပိုရတာကြောင့် ကျွန်တော်ပျော်ရွှင်ပါတယ်။ အခုအချိန်မှာ ယူနိုက်တက်ကို ပြန်ဖို့မစဉ်းစားသေးပဲ ဗလင်စီယာနဲ့အတူ ဆုဖလားတစ်ခုခု ရယူနိုင်ဖို့ ရည်မှန်းထားပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။