ကီတာကို မြန်မြန်ခေါ်ဖို့ စီစဉ်နေတဲ့ လီဗာပူး

Posted on - Jan 11 []

Thar Lay Htet Aung

စာရေးသူ

လီဗာပူးအသင်းဟာ လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရပြီးသားဖြစ်တဲ့ လစ်ပ်ဇစ်အသင်းရဲ့ ကွင်းလယ်လူ နာဘီကီတာကို ယခုအပြောင်းအရွှေ့မှာပဲ အရခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကော်တင်ဟိုကို လက်လွတ်ခဲ့ရတဲ့ လီဗာပူးအသင်းဟာ လိုအပ်ချက်အရ ကီတာကို ဈေးပိုပေးပြီး ခေါ်ယူဖို့ လစ်ပ်ဇစ်အသင်းထံ ကမ်းလှမ်းသွားဖို့ စီစဉ်နေပါတယ်။

ဘောလုံးကျွမ်းကျင် သူတွေကတော့ ဆာလက်၊ မာနေးတို့ ရှိနေတဲ့အပြင် ဒီရာသီမှာ လီဗာပူးအသင်းဟာ ကော်တင်ဟို မပါတဲ့ပွဲစဉ်တွေကို အကောင်းဆုံး ကစားနိုင်ခဲ့တာကြောင့် သူ့နေရာကို အလောတကြီး အစားထိုးစရာ မလိုလောက်ဘူးလို့ သုံးသပ်ထားကြပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။