ဘုဏ်းသိုက်ရဲ့ရင်ဖွင့်စကားကြောင့် ငိုသွားတဲ့ ချမ်းချမ်း

Posted on - Jan 10 []

Kyu Kyue Ko

စာရေးသူ

ချမ်းချမ်းတစ်ယောက် ထင်မှတ်မထားတဲ့ ဘုဏ်းသိုက်ရဲ့ အပြုအမူလေးကြောင့် ရင်ခုန်စွာပြုံးခဲ့ပြီး ပီတိမျက်ရည်တွေတောင်ကျခဲ့ရပါတယ်။ သူမဟာ ဇန္န၀ါရီလ ၉ရက်နေ့ညပိုင်းက SkyNet up to date Channel ရဲ့ ပရိသတ်နဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်မှာ ခင်ပွန်းဖြစ်သူ ဘုဏ်းသိုက်ရဲ့ Surprise လုပ်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ ထင်မှတ်မထားဘဲ ဘုဏ်းသိုက် ရဲ့အသံကြားချိန်မှာသူမ ပြုံးသွာပြီး နောက်ပိုင်းမှာတော့ ပီတိမျက်ရည်တွေကျလာပါတော့တယ်။ သူမတို့နှစ်ယောက်ဟာ ချစ်လျက်နဲ့ တစ်ယောက်နဲ့တစ်ယောက် သ၀န်တိုမှုတွေ အရမ်းချစ်ကြတဲ့ ပြဿနာတွေကြောင့် ခုလိုသဘောထား မတိုက်ဆိုင်မှုတွေဖြစ်တာ ဝေးကွာနေကြတာဖြစ်ပါတယ်။ ဒါနဲ့ ချမ်းချမ်းကလဲ ဘုဏ်းသိုက် လက်မလွှတ်ချင်လောက် အရမ်းကိုလှလာတယ်နော်။

သူတို့နှစ်ယောက်လုံးဟာ သမီးလေးကိုတော့ အရမ်းချစ်ကြပြီး သမီးလေးနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေကိုလဲ မှတ်မိနေကြပါတယ်။ သမီးလေအတွက် အဖေအမေတွေအဖြစ် ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ မိတ်ဆွေ၊သူငယ်ချင်းအဆင့်ထက်မပိုဘူးလို့လဲ သူကဆိုထားပါသေးတယ်။ ဘုဏ်းသိုက်ဘက်ကတော့ သူ့အနေနဲ့ သာယာတဲ့ အိမ်ထောင်ရေးပြန်ဖြစ်အောင် ပြန်ကြိုးစားသွားမယ်လို့လဲ အင်တာဗျူးတွေမှာဖြေဆိုခဲ့ပါတယ်။ ယခုလဲ သူ့ရဲ့Surprise ကချမ်းချမ်း ကို သူချစ်နေသေးတယ်ဆိုတာကို တတိုင်းပြည်လုံးက လူတွေသိအောင် ပြောပြလိုက်သလိုပါဘဲ။

ဘုဏ်းသိုက်က ပရိသတ်တွေကိုလဲ " ကျွန်တော်ချစ်ရတဲ့ သမီးလေးနဲ့ ချမ်းမြငြိမ်း ကို ချစ်ပေးတဲ့ အားပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ် " ဆိုပြီးလဲ ပြောသွားပါ သေးတယ်။ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့မိသားစု လေးကို ချစ်တဲ့ ပရိသတ်ကြီးရေ like & Share လေးလုပ်ခဲ့ပေးပါဦးနော်။ မိုမိုလေချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

KKK(momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။