ဆယ်နှစ်လောက်ငယ်တဲ့ Junior နဲ့လက်ထပ်ခဲ့တဲ့ Gary

Posted on - Jan 10 []

Theingi Kyaw

စာရေးသူ

E Daily ဆိုတဲ့မီဒီယာတစ်ခုက Gary ရဲ့အမျိုးသမီးအကြောင်းကို ဖော်ပြခဲ့ပါတယ်။ January 9ရက်နေ့ကဖော်ပြခဲ့တဲ့ သတင်းအရ Kim မျိုးနွယ်ဖြစ်သူ Gary ရဲ့အမျိုးသမီးဟာ Leessang Company ရဲ့ဝန်ထမ်းတစ်ဦးဖြစ်ခဲ့ပါတယ်။ Leessang Company ဟာဆိုရင် Gary နဲ့ Gil တို့ ပိုင်ဆိုင်တဲ့ Company ပဲဖြစ်ပါတယ်။

သတင်းပေးပို့ချက်အရ သူ့ရဲ့အမျိုးသမီးဖြစ်လာမယ့်သူဟာ သူတို့ agency မှာအောက်ခြေကစကာအလုပ်လုပ်ခဲ့တာဖြစ်ပြီး ၅နှစ်လောက်ကြာအောင်အလုပ်လုပ်ခဲ့ပါတယ်။ သူမဟာ ၁၉၈၈ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး ဒါဟာဆိုရင် ၁၉၇၈မှာမွေးဖွားခဲ့တဲ့ Gary ထက်ဆယ်နှစ်လောက်ငယ်ပါတယ်။ အတွင်းပိုင်းကလူတွေကလည်း Gary နဲ့ သူ့မတို့ တွဲနေတာကိုလုံးဝ သတိမပြုခဲ့မိလောက်အောင် လျို့ဝှက်ထားခဲ့တာပါတဲ့။ ဧပြီလမှာတော့ Gary ဟာရုတ်တရက်လက်ထပ်ခဲ့တာဖြစ်ပြီး November မှာတော့ ကလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။ Gary ရဲ့အမျိုးသမီးဟာ ဘယ်ကလဲ ဘယ်သူလဲဆိုတာ ပရိတ်သတ်တွေကိုအသိမပေးခဲ့ပါဘူး။ ပရိတ်သတ်ကြီးကော Gary ရဲ့အမျိုးသမီး ဘယ်သူလဲဆိုတာသိချင်ကြလား။

Gi Gi (momolay)
Ref : Allkpop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။