အဂူရိုရဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီး

Posted on - Jan 10 []

Thar Lay Htet Aung

စာရေးသူ

ယနေ့နံနက် အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန်လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ဘရစ္စတိုးလ်အသင်းကို ၂-၁နဲ့အနိုင် ရရှိသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပေမယ့် အနိုင်ရလဒ် ပြတ်သားခဲ့ခြင်း မရှိခဲ့ပါဘူး။

ဘရစ္စတိုးလ်အသင်းဟာ ကွာတားဖိုင်နယ်မှာ မန်စီးတီးရဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို ကျော်ဖြတ်လာတဲ့ အသင်းဖြစ်ပါတယ်။ ဒီပွဲစဉ်မှာလဲ ဦးဆောင်ဂိုးကို ဘရစ္စတိုးလ်အသင်းက ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၄၄မိနစ်မှာ ပင်နတီကတစ်ဆင့် ဘော်ဘီရိဒ်က သွင်းယူပေးခဲ့တာပါ။

မန်စီးတီးအတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်း ပွဲကစားချိန် ၅၅မိနစ်မှာ ဒီဘရိုင်းက သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ ပွဲကစားချိန် နောက်ဆုံးမိနစ်ဖြစ်တဲ့ ၉၂မိနစ်မှာမှ လူစားဝင် တိုက်စစ်မှူး အဂူရိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ဒုတိယအကျော့ကိုတော့ လာမယ့်၂၄ရက်နေ့ ဘရစ္စတိုးလ်အသင်းရဲ့ အိမ်ကွင်းမှာ ထပ်မံယှဉ်ပြိုင်ကစား ရမှာဖြစ်ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။