ဗိုလ်လုပွဲတက်မယ့် လန်ဒန်ကလပ်က ဘယ်အသင်းလဲ?

Posted on - Jan 10 []

Thar Lay Htet Aung

စာရေးသူ

ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ အင်္ဂလန်လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ကတော့ ယနေ့ည၂း၃၀အချိန် ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ယှဉ်ပြိုင်ကစား သွားမှာပဲဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ပထမအကျော့ဖြစ်ပြီး ဒုတိယအကျော့ကိုတော့ အာဆင်နယ် အသင်းရဲ့အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့တစ်ပတ်တုန်းကလဲ ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ ထိပ်တိုက်တွေ့ခဲ့ပြီး တစ်ဖက်၂ဂိုးစီ သရေကျခဲ့ပါတယ်။ အဲ့တုန်းက ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာ အဆုံးသတ်ညံ့ဖျင်းခဲ့လို့ ချဲလ်ဆီးအသင်း နစ်နာခဲ့တာပါ။ အာဆင်နယ်အသင်းဟာ အဝေးကွင်းတွေမှာဆို ရုန်းကန်ရတတ်ပြီး ခံစစ်ကလဲ အားနည်းနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက အက်ဖ်အေဖလားကနေ ထွက်ခဲ့ရတာကြောင့် အာဆင်နယ်အသင်း ဒီဖလားကို ပစ်မှတ်ထားလာဖို့တော့ ရှိနေပါတယ်။

ဒီတော့ ဗိုလ်လုပွဲကို တက်ရောက်မယ့် လန်ဒန်ကလပ်ဟာ ဘယ်အသင်း ဖြစ်လာမလဲ၊ ပထမအကျော့မှာပဲ အဖြေပေါ်သွားမလား စောင့်ကြည့်ရမှာပါ။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။