ကော်တင်ဟိုအတွက် ဂန္တဝင်ကြီးဂျရတ်ရဲ့ နှုတ်ဆက်စကား

Posted on - Jan 10 []

Thar Lay Htet Aung

စာရေးသူ

လီဗာပူးအသင်းရဲ့ ဂန္တဝင်ကစားသမားကြီး စတီဗင်ဂျရတ်က မကြာသေးခင်ကမှ လီဗာပူးကနေ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တဲ့ ကော်တင်ဟိုအတွက် နှုတ်ဆက်စကား ပြောကြားသွားခဲ့ပါတယ်။

ဂျရတ်က “မင်းရဲ့ကစားသမားဘ၀ နောက်တစ်ဆင့်ဖြစ်တဲ့ ဘာစီလိုနာမှာ မိသားစုနဲ့အတူ ပျော်ရွှင်ပါစေ။ လီဗာပူးအတွက် ၅နှစ်တာလုံး အကောင်ဆုံး ကစားပေးခဲ့ပြီး အမှတ်တရတွေ ဖန်တီးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။

ဆက်လက်ပြီး ဂျရတ်က ကော်တင်ဟိုနဲ့အတူ တွဲကစားကတည်းက သူ့ရဲ့အရည်အသွေးတွေကို သတိထားမိခဲ့တယ်လို့ ဆိုသွားခဲ့ပြီး ကော်တင်ဟို ထွက်ခွာသွားတာဟာ အသင်းအတွက် များစွာနစ်နာခဲ့ရတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။