ဟာဇက်ကိုထိန်းဖို့ ညီဖြစ်သူကို ခေါ်ယူဖို့စီစဉ်နေတဲ့ ချဲလ်ဆီး

Posted on - Jan 10 []

Thar Lay Htet Aung

စာရေးသူ

ချဲလ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ အဓိက ကစားသမား အင်ဒီဟာဇက်ကို ဆက်ထိန်းထားဖို့အတွက် ညီအရင်းဖြစ်သူ သော်ဂန်ဟာဇက်ကို ခေါ်ယူပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ သော်ဂန်ဟာ လက်ရှိအချိန်မှာ ဂျာမန်ကလပ် မိုချန်ဂလာဘတ် အသင်းမှာ ကစားနေသူပါ။

သူဟာ ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းဖြစ်သလို ၂၀၁၅ခုနှစ်ကမှ ဂလာဘတ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ဂလာဘတ်အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် ချဲလ်ဆီးအသင်းဟာ သော်ဂန်ကို ပြန်လည်ခေါ်ယူလိုနေပြီး သူ့ကိုခေါ်ယူလိုက်ခြင်းဟာ အသင်းမှာ ရှိနေတဲ့ အင်ဒီဟာဇက်ကို ဆက်ထိန်းထားရာ ရောက်တယ်လို့ ယုံကြည်နေတာပါ။

လက်ရှိချဲလ်ဆီးအသင်းမှာ အင်ဒီဟာဇက်အပြင် သူ့ရဲ့ တတိယမြောက် ညီဖြစ်တဲ့ ကိုင်လီယန် ဟာဇက်လဲ ရှိနေပါတယ်။ သော်ဂန်ပါ ထပ်မံ ရောက်ရှိလာခဲ့မယ် ဆိုရင်တော့ ချဲလ်ဆီးအသင်းမှာ ဟာဇက်ညီနောင် ၃ဦးလုံးကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။