ငယ်ငယ်ရွယ်ရွယ်အကြွေစောသွားတဲ့ Porn star Olivia Nova

Posted on - Jan 10 []

Moon Moon

စာရေးသူ

Porn star တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် Olivia Nova တစ်ယောက် အသက် ၂၀ အရွယ်နဲ့ ကွယ်လွန်သွားခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ သူမရဲ့အလောင်းကိုတော့ လာ့စ်ဗီဂတ်မှာရှိတဲ့ နေအိမ်ကနေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ သူမသေဆုံးတဲ့သတင်းနဲ့ပတ်သက်ပြီး မှန်ကန်ကြောင်းကို သူရဲ့အေဂျင်စီက မနေ့က အတည်ပြုပေးခဲ့တာပါ။ သူမသေဆုံးမှုနဲ့ပတ်သက်လို့ လုပ်ဖော်ကိုင်ဖက်တွေကတော့ ဒီလိုမျိုးရုတ်တရက်သေဆုံးမှုအတွက် တုန်လှုပ်ခြောက်ခြားတယ်လို့ ဆိုကြပါတယ်။

သူမရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး အေဂျင်စီရဲ့သတင်းထုတ်ပြန်မှုမှာတော့ နူးသိမ်မွေ့မှု၊ ချိုမြိန်သာယာမှုတွေနဲ့ ကိုယ်ရည်ကိုယ်သွေးတွေပြည့်စုံတဲ့ မိန်းကလေး Olivia Nova တစ်ယောက် အချိန်တိုတိုလေးသာ ကျွန်တော်တို့ဆီကိုရောက်လာခဲ့ပါတယ်လို့အစချီပြီး ငယ်ငယ်ရွယ်ရွယ်နဲ့သူမရဲ့သေဆုံးခဲ့မှုအတွက်လည်း အံ့အားသင့်ခဲ့ရတယ်လို့ သူမသေဆုံးခဲ့မှုကို အတည်ပြုထုတ်ပြန်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ သူမသေဆုံးမှုအတွက်ကိုသာ အတည်ပြုပေးကြတယ်ဆိုပေမယ့် သူမဘာကြောင့် သေဆုံးခဲ့ရတယ်ဆိုတာကိုတော့ ထုတ်ပြန်မှုမရှိသေးပါဘူး။

သူမက ဒီမော်ဒယ်လောကကိုရောက်ရှိလာခဲ့တာကတော့ ၁၂ နှစ်သမီးအရွယ်ကတည်းက ရောက်လာခဲ့တာပါတဲ့။ အဲ့ဒီနောက်မှာတော့ ရုပ်ရှင်လုပ်ငန်းဘက်ကို ၂၀၁၇ ခုနှစ်မှာမှ ပြောင်းလဲလာခဲ့တာပါ။ သူမကတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက အင်တာဗျူးပြုလုပ်ခဲ့တာဟာ နောက်ဆုံးဖြစ်ပြီး အဲ့ဒီအင်တာဗျူးမှာ သူမက တက္ကသိုလ်ကျောင်းတက်ပြီး ဘွဲ့ရတစ်ဦးဖြစ်ဖို့ အစီအစဉ်ဆွဲထားပါတယ်လို့ ဖြေဆိုခဲ့တာပါ။ ဒါပေမယ့် စိတ်မကောင်းစရာက အခုသူမသေဆုံးသွားချိန်မှာ ဆန္ဒတွေ မပြည့်မြောက်သေးတာပါပဲ။

သူမရဲ့အင်တာဗျူးဖြေဆိုမှုတွေမှာတော့ သူမအနေနဲ့ ပထမဆုံးအကြိမ်ကင်မရာရှေ့ရောက်ချိန်မှာ ကြောက်ရွံ့ရှက်ရွံ့နေခဲ့ရပေမယ့် နောက်တစ်ကြိမ်တွေမှာတော့ သူမအ၀တ်တွေကို ကင်မရာရှေ့မှာပဲချွတ်ချနိုင်ခဲ့တယ်လို့ သူမဘ၀နဲ့ပတ်သက်ပြီး ပြောပြခဲ့ပါသေးတယ်။ Nova ကတော့ ပြီးခဲ့တဲ့ သုံးလအတွင်း သေဆုံးခဲ့တဲ့ porn star တွေအနက် လေးဦးမြောက်ဖြစ်တယ်လို့လည်း သိရပါတယ်။ အခြားသေဆုံးခဲ့သူတွေကတော့ အသက် ၂၃ နှစ်အရွယ် August Ames ၊ အသက် ၃၁ နှစ်အရွယ် Yuri Luv နဲ့ အသက် ၃၅ နှစ်အရွယ် Shyla Stylez တို့ပဲဖြစ်ပါတယ်။

မိုမိုလေးပရိသတ်ကြီးရေ Nova တစ်ယောက် ရည်ရွယ်ချက်တွေ ဆန္ဒတွေကိုတောင် အကောင်အထည်မဖော်နိုင်ခဲ့ဘဲ လူ့လောကကြီးကနေ ငယ်ငယ်ရွယ်ရွယ်နဲ့ နှုတ်ဆက်သွားခဲ့ရတယ်နော်။ R.I.P ပါ Olivia Nova ရေ။ တကယ့်ကိုစိတ်မကောင်းဖြစ်ရပါတယ်နော်။

ref:mirror
#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။