ကော်တင်ဟို၊ ဒမ်ဘီလီတို့နဲ့အတူ ဘာစီလိုနာရဲ့ ဖြစ်နိုင်ဖွယ် ကစားကွက် အခင်းအကျင်း

Posted on - Jan 9 []

Thar Lay Htet Aung

စာရေးသူ

ကော်တင်ဟို ရောက်ရှိလာခြင်းနဲ့အတူ ဘာစီလိုနာ အသင်းဟာ ပိုမိုအင်အား တောင့်တင်းလာခဲ့ပါတယ်။ လက်ရှိဘာစီလိုနာ အသင်းမှာ ကစားသမားကောင်းတွေ များပြားနေပြီး ဘယ်လိုကစားကွက် အခင်းအကျင်းနဲ့ ပွဲထွက်လာမလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

ကစားကွက်တွေ အမျိုးမျိုး ခင်းကျင်းလာနိုင်ပေမယ့် ဘာစီလိုနာရဲ့ အတောင့်တင်းဆုံး ပွဲထွက်စာရင်းနဲ့ နည်းပြဗယ်ဗာဒီ ရည်ရွယ်ထားတဲ့ လူစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဂိုးသမားနေရာမှာ တာစတီဂျန်၊ ညာနောက်ခံလူ နေရာမှာ ဆီမီဒို၊ ဗဟိုခံစစ်မှူး နေရာမှာ ပီကေးနဲ့ အမ်တီတီ၊ ဘယ်နောက်ခံလူ နေရာမှာ ဂျော်ဒီအယ်ဘာ၊ ကွင်းလယ်မှာ ဘက်စ်ကွက်ဇ်နဲ့ ပေါ်လင်ဟို၊ ညာတောင်ပံ တိုက်စစ်မှာ ဒမ်ဘီလီ၊ ဘယ်တောင်ပံ တိုက်စစ်မှာ ကော်တင်ဟို၊ အထောင်တိုက်စစ်မှူး နေရာမှာ ဆွာရက်နဲ့ ဘာစီလိုနာရဲ့ ပဲ့ကိုင်ရှင် မက်ဆီကတော့ ကွင်းလယ်ဖန်တီးရှင်၊ နောက်ချန်တိုက်စစ် နေရာကနေ ပွဲထွက်လာဖို့ ရှိနေပါတယ်။

အင်နီယေစတာကိုတော့ လူစားဝင် ကစားသမားအဖြစ် ထားရှိသွားဖို့ စီစဉ်ထားသလို အရေးကြီးတဲ့ ပွဲစဉ်တွေမှာမှ ပွဲထွက်အသုံးပြုဖို့ နည်းပြဗယ်ဗာဒီက စီစဉ်ထားပြီး အခြားကစားသမားတွေကိုလဲ အလှည့်ကျ ပွဲထွက်ကစားစေဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။