ပရိတ်သတ်တွေက ချိန်းတွေ့စေချင်တဲ့ကိုရီးယားအနုပညာရှင်အတွဲ ၇တွဲ

Posted on - Jan 9 []

Theingi Kyaw

စာရေးသူ

တချို့သောပရိတ်သတ်တွေက သူတို့ရဲ့ Idol တွေကိုတခြားသူတွေနဲ့ Date မလုပ်စေချင်ကြပေမယ့် တချို့ကတော့ Date လုပ်စေချင်ကြပါတယ်။ အဲ့ဒီတော့ပရိတ်သတ်တွေက date လုပ်စေချင်တဲ့အတွဲတွေကိုစာရင်းကောက်ခဲ့ပြီး ထိပ်တန်းအတွဲ၇တွဲရွေးချယ်ခဲ့ပါတယ်။ ဘယ်အတွဲတွေဖြစ်မလဲဆိုတာကိုတော့ယခုပဲ momolayပရိတ်သတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။

1 Joy and Sungjae

သူတို့နှစ်ယောက်ဟာ We Got Married အစီအစဉ်မှာပါဝင်ခဲ့ပြီး အရမ်းလိုက်ဖက်တဲ့စုံတွဲတွေဖြစ်ခဲ့ကြပြီး ပရိတ်သတ်တွေဟာ သူတို့၂ယောက်တွဲကြဖို့ကိုမျှော်လင့်နေကြပါတယ်။

တချို့တွေကလည်း သူတို့၂ယောက်ဟာ တကယ်ချစ်နေကြတယ်လို့ ထင်နေကြပါတယ်။ ပရိတ်သတ်ကြီးကော သူတို့၂ယောက်တွဲဖို့ကိုမျှော်လင့်နေကြပါတယ်။

2. Jackson and Youngji

သူတို့၂ယောက်ဟာ SBS Roommate အစီအစဉ်မှာပါဝင်ခဲ့ပြီး လွတ်လွတ်လပ်လပ်နေတတ်တဲ့စိတ်သဘောထားတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် စနောက်နေတာကြောင့် လက်ထပ်ပြီးသား အတွဲတွေလို့တောင်ချစ်စနိုးခော်ကြပါတယ်။

သူတို့တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံပုံတွေကြည့်ပြီး သင် သူတို့၂ယောက်ကို မပေးစားပဲမနေနိုင်ပါဘူး။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အချိန်ပြည့် စနောက်နေကြတာပါ။

သူတို့၂ယောက် ကတော့ ချိန်းတွေဖို့ဟာ ဖြစ်နိုင်ချေသုည ပါလို့ပြောကြားခဲ့ပါတယ်။ သူတို့ကိုအတွဲဖြစ်စေချင်တဲ့သူတွေကတော့ အိမ်မက် မက်နေကြဆဲပါပဲ။

4 Eric Nam and Solar

မှာပါဝင်ခဲ့တဲ့သူတို့၂ယောက်ဟာ အရမ်းကိုလိုက်ဖက်ညီခဲ့ကြပြီး ပရိတ်သတ်တွေက သူတို့ကို အမှန်တကယ်ကိုတွဲခုတ်စေချင်ကြပါတယ်။

သူတို့၂ယောက်ဟာ အရမ်းကိုတွဲဖက်ညီခဲ့တာမို့ ၂၀၁၆ရဲ့MBC Entertainment Awards ကပေးအပ်ခဲ့တဲ့ အလိုက်ဖက်ဆုံးစုံတွဲဆု ကိုတောင်ရရှိခဲ့ပါတယ်။

5 Sohee and Heechul

Heechul ဟာ Sohee အနားရောက်ရင်အမြဲလိုလိုရှက်နေတာကြောင့် ပရိတ်သတ်တွေဟာ သူတို့၂ယောက်ကိုအမြဲလိုလိုပေးစားတတ်ပါတယ်။

6 Chanyeol and Baekhyun

Chanyeol နဲ့ Baekhyun ကိုသဘောတူတဲ့ပရိတ်သတ်တွေက အရမ်းကိုများပြားပြီး ပြင်းပြင်းထန်ထန်ကိုသဘောတူကြပါတယ်။

7. Momo and Mina

Momo နဲ့ Mina ဟာအရမ်းကိုချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေဖြစ်တာကြောင့် ပရိတ်သတ်တွေဟာ သူတို့ကို တအားသဘောတူကြပါတယ်။

momlay ပရိတ်သတ်ကြီးကော ဘယ်အတွဲကိုသဘောတူကြပါသလဲ။

Gi Gi (momolay)
Ref : koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။