ကမ္ဘာ့တန်ကြေးအမြင့်ဆုံး အပြောင်းအရွှေ့၅ခုထဲမှာ မပါဝင်တော့တဲ့ ရော်နယ်ဒို

Posted on - Jan 8 []

Thar Lay Htet Aung

စာရေးသူ

တစ်ချိန်က ကမ္ဘာ့ဘောလုံးလောကရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမားဖြစ်ခဲ့တဲ့ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာတော့ တန်ကြေးအမြင့်ဆုံး အပြောင်းအရွှေ့ ၅ခုထဲမှာတောင် မပါဝင်တော့ဘူးလို့ သိရပါတယ်။ ကော်တင်ဟို တစ်ယောက် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာကို ရောက်ရှိသွားပြီးနောက် ရော်နယ်ဒိုဟာလဲ အဆိုပါစာရင်းထဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့ဘောလုံးလောကရဲ့ တန်ကြေးအမြင့်ဆုံး အပြောင်းအရွှေ့ ၅ခုကတော့ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပေါင်၁၉၈သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ နေမာ၊ ပြီးခဲ့တဲ့ရက်ပိုင်းက လီဗာပူးကနေ ဘာစီလိုနာကို ပေါင်၁၄၄သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကော်တင်ဟို၊ ဒေါ့မွန်အသင်းကနေ ဘာစီလိုနာကို ပေါင်၉၇သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဒမ်ဘီလီ၊ ဂျူဗင်တပ်ကနေ ယူနိုက်တက်ကို ပေါင်၈၉သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ပေါ့ဂ်ဘာ၊ စပါးကနေ ရီးရဲမက်ဒရစ်ကို ပေါင်၈၅သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂါရတ်ဘေးလ်တို့ရဲ့ အပြောင်းအရွှေ့ပဲ ဖြစ်ပါတယ်။ သူတို့၅ဦးရဲ့ နောက်မှာမှ ရော်နယ်ဒိုက ပေါင်သန်း၈၀နဲ့ ရပ်တည်နိုင်ခဲ့တာပါ။

ဘောလုံးလောကရဲ့ ငွေကြေးဖောင်းပွ လာမှုနဲ့အတူ ကစားသမားတွေရဲ့ တန်ကြေးဟာလဲ တစ်နှစ်ထက်တစ်နှစ် မြင့်မားလို့ လာခဲ့တာကြောင့် ရော်နယ်ဒိုဟာလဲ အဆိုပါစာရင်းထဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းကို သူပြောင်းရွှေ့ခဲ့တဲ့ တန်ကြေးဖြစ်တဲ့ ပေါင်သန်း၈၀ထက်မက တန်ခဲ့တယ်ဆိုတာ ပရိသတ်တွေအားလုံး အသိပါပဲ။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။