အကြီးကြီး အရှက်ကွဲခဲ့ရတဲ့ Courtney Act

Posted on - Jan 6 []

Moon Moon

စာရေးသူ

ပေါ့ပ်အဆိုတော်တစ်ဦးလည်းဖြစ် မော်ဒယ်လ်တစ်ဦးလည်းဖြစ်တဲ့ Courtney Act များပြားလှတဲ့ သူမရဲ့ fan တွေရှေ့မှာ အကြီးကြီးအရှက်ရခဲ့ပါတယ်။ မနေ့ကပြုလုပ်ခဲ့တဲ့ Channel 5 ရဲ့ Celebrity Big Brother မှာ သူမကို အင်တာဗျူးပြုလုပ်ပြီး ပရိသတ်တွေကို နှုတ်ဆက်ဖို့ ထွက်ခွာလာတဲ့အချိန် လှေခါးအဆင်းမှာ ခလုတ်တိုက်လဲကျပြီး သူမဝတ်ဆင်ထားတဲ့ စကပ်ကျွတ်ကျခဲ့ရတာပါ။

ပရိသတ်တွေကို လက်ပြ နှုတ်ဆက်ရင်းဟန်ပါပါနဲ့ လှေခါးပေါ်ကဆင်းလာတဲ့ Courtney Act ခလုတ်တိုက်သွားတဲ့အချိန်မှာ စကပ်တစ်ခုလုံးကျွတ်ပြီး ဗလာကျင်းသွားခဲ့ရတာပါ။

အဲ့ဒီအချိန်မှာ သူမက စကပ်ကိုအမြန်ကောက်ယူပြီး အရှက်ကိုဖုံးကွယ်လို့ ဟန်မပျက်အောင် ပရိသတ်တွေနဲ့နှုတ်ဆက်ခဲ့ပါတယ်။

ပရိသတ်တွေနဲ့ နှုတ်ဆက်အပြီးမှာတော့ သူမက အတွင်းခန်းထဲကိုပြန်ဝင်သွားချိန်မှာ သူမဖြစ်ပျက်ခဲ့ရတဲ့အကြောင်းတွေကို ပြန်ပြောနေရင်းက သူမလက်နဲ့ထိန်းကိုင်ထားတဲ့ စကပ်က ထပ်ပြီးပြုတ်ကျခဲ့ရပါသေးတယ်။ အဲ့ဒီအခန်းကိုလည်း ကင်မရာနဲ့ရိုက်ကူးပြီး ပရိသတ်တွေဆီကိုပြထားခဲ့တာဆိုတော့ ဒီအကြောင်းအရာကို Fan တွေအားလုံးကမြင်တွေ့ခဲ့ရတာပါ။

အဖြစ်အပျက်ကတော့ ဒီလိုပါ

မိုမိုလေးပရိသတ်ကြီးရေ ဒီလိုဖြစ်ရပ်မျိုးတွေက ဆယ်လီတွေကြားထဲဖြစ်ပွားလေ့ရှိပါတယ်။ သူမရဲ့ အခုလိုအခြေအနေအတွက် ပရိသတ်တွေကတော့ သူမကိုလှောင်ပြောင်မှုတွေမပြုဘဲ အားပေးခဲ့ကြပါတယ်။ အခုအဖြစ်အပျက်မှာတော့ သူမအနေနဲ့ အတွင်းခံဝတ်မထားမိတာဟာ အမှားကြီးမှားခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ရတာပါပဲ။

ref:The Sun
#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။